ဟိုးအရင်ထုတ် Wildfire နဲ့ သူ့ရှေ့ကထွက်ခဲ့တဲ့ဖုန်းတွေကိုသာ S-OFF လုပ်တယ်လို့ခေါ်တာပါ
အခုနောက်ပိုင်း HTC တွေကိုတော့ Bootloader Unlock လုပ်တယ်လို့ဘဲခေါ်ပါတယ်.....
နောက်တစ်ချက်က Bootloader Unlock လုပ်လိုက်ရင် Factory Reset ကျသွားပါမယ်...
အဲ့တာကြောင့် Unlock မလုပ်ခင် Contact နဲ့ အရေးကြီး Data တွေကို Backup လုပ်ထားစေချင်ပါတယ်
Unlock မလုပ်ခင် လိုအပ်တာလေးတွေ အရင်ဆွဲထားလိုက်ကြရအောင်
Android.zip
jdk-7u5-windows-i586.exe
installer_r20.0.1-windows.exe
HTC Sync(3.2.20) for all HTC Android Phone
ဒါလေးတွေကို Download လုပ်ပြီးပြီဆိုရင်
USB debugging ကို Enable လုပ်ပေးပါ။
Settings > Applications > Development > USB debugging
1. htc_sync_setup_3.2.20.exe ကို Install လုပ်ပါ။
2. Android.zip ဖိုင်ကို Desktop ပေါ်ကို Extract လုပ်ပြီး ရလာတဲ့ Android ဖိုလ်ဒါကို C: အောက်သို့ Copy ကူးပေးပါ။
3. jdk-7u5-windows-i586.exe ကို Install လုပ်ပေးပါ။
4. ပြီးလျှင် installer_r20.0.1-windows.exe ကို Installလုပ်ပါ။
Finish ကို click နှိပ်လိုက်ရင် Android SDK Manager ဆိုတဲ့ window ကျလာပါလိမ့်မယ်။
Android SDK platform-tools တစ်ခုထဲကိုဘဲ အမှန်ခြစ်ပါ။
ကျန်တဲ့ ဖိုဒါတွေမှာ အမှန်ခြစ်ထားလျှင် ဖြုတ်ပစ်ပါ။
ဲ ပြီးလျှင် Install 1 package ကို နှိပ်ပါ.... install လုပ်ပြီးလျှင် Android SDK Manager ကိုပိတ်လိုက်ပါ။
HTC Device တွေကို Bootloader Unlock လုပ်ဖို့ စကြရအောင်
( 1 ) မိမိတို့ ရဲ့ Device ကို 70% အနည်းဆုံး Battery ကို
အားဖြည့်ထားပေးပါ။
( 2 ) Personal Data တွေကို Back Up လုပ်ထားပေးပါ။
( 3 ) မိမိတို့ ရဲ့ Email ကို အသုံးပြုပြီး www.htcdev.com မှာ
Register လုပ်ပေးပြီး Login လုပ်ပါ။
( 4 ) Login လုပ်ပြီးပြီဆိုရင် အောက်ကပုံပါအတိုင်း
( 1 ) Unlock Bootloader နှင့် ( 2 ) Get Started အဆင့်တွေကိုဝင်ပေးပါ။
—–Select Your Device—– List မှာ မိမိတို့ ရဲ့ Device Model ပါခဲ့ရင် မိမိတို့ ရဲ့ Device Model ကို ရွေးပေးပြီး
မပါခဲ့ရင်တော့ All Other Supported Models ကိုရွေးပေးပါမယ်။
ပြီးရင် Begin Unlock Bootloader ကိုနှိပ်လိုက်ပါ။
Are you sure you wish to continue? Box မှာ Yes ကိုရွေးပြီး
Legal Terms မှာ အောက်ပါပုံအတိုင်း အမှန်ခြစ်နှစ်ခု ခြစ်ပေးပြီး Procced
to Unlock Instructions ကိုရွေးပါ။
C: အောက်က Android Folder ကိုဖွင့်ပြီး အောက်ပါပုံအတိုင်း လွတ်တဲ့ နေရာတစ်ခုမှာ
Shift Key+Right Click ကိုနှိပ်ပေးပြီး Open command window here ကိုရွေးပါ။
Command Prompt မှာ အောက်ကပုံအတိုင်း မိမိဖုန်း ကွန်ပြူတာနဲ့ချိတ်မချိတ်သိဖို့ adb devices လို့ရိုက်ပြီး Enter ခေါက်ပါ...
ဖုန်းက ကွန်ပြူတာနဲ့ချိတ်ထားတယ်လို့ ပြတယ်ဆိုရင်.....
နောက်တစ်ကြောင်းမှာ adb reboot bootloader လို့ရိုက်ပြီး enter ခေါက်ပါ.... အဲ့တာဆိုရင်ဖုန်းက သူ့ဟာသူ fastboot mood ထဲဝင်သွားပါလိမ့်မယ်
အပေါ်ကပုံအတိုင်း fastboot usb လို့မပေါ်ရင်တော့ HTC Sync ကို ပြန် install လုပ်လိုက်ပါ....
Command Prompt မှာ အောက်က ပုံအတိုင်း fastboot oem get_identirier_token ရိုက်ပေးပြီး Enter ကိုနှိပ်ပါ။
Command Prompt မှာ Fastboot Info ကျလာပြီဆိုရင် အောက်ကပုံအတိုင်း
အပိုအလိုမရှိ Select ပေးပါ။
Select ပေးနည်းက Command Prompt မှာ Right click နှိပ်ပြီး Mark ကို ကလစ်ခေါက်လိုက်ပါ။
Copy ရလာတဲ့ Fastboot Info ကို www.htcdev.com/bootloader မှ နောက်ဆုံးအဆင့်ဖြစ်တဲ့ My Device Identifier Token: နေရာမှာ Paste လုပ်ပေးပြီး Submit ကိုနှိပ်လိုက်ပါ။
Submit အဆင့်ပြီးသွားရင် (Token Submitted Successfully!) Web Page နှင့် အတူ မိမိရဲ့ Gmail ထဲမှာ HTC-Unlockbootloader@htc.com မှ Mail တစ်စောင် ရောက်ရှိနေပါပြီ။
Mail ထဲမှ Unlock_code.bin File ကို Download ဆွဲပြီး C: မှ Android Folder ထဲကို Copy ကူးယူပါ။
C:မှ Android Folder ထဲမှာ အပေါ်မှာလုပ်ခဲ့တဲ့အတိုင်း Shift Key+Right Click ကိုနှိပ်ပေးပြီး Open command window here ကိုရွေးပါ။
ကျလာတဲ့ Command Prompt မှာ အောက်ပါပုံအတိုင်း fastboot flash unlocktoken Unlock_code.bin ရိုက်ထည့်ပေးပြီး Enter နှိပ်ပါ။
Enter နှိပ်ပြီးချိန်မှာ မိမိရဲ့ ဖုန်းမှာ Unlock bootloader request လက်ခံရရှိမှာဖြစ်ပြီး Volume Up နှင့် Yes ကိုရွေးပြီး Power ဖြင့် confirm လုပ်ပေးလိုက်လျှင် Auto Reboot ကျပြီး Bootloader Unlock ပြုလုပ်ခြင်းပြီး မြောက်ပါပြီ။
No comments:
Post a Comment