Thursday, September 20, 2012

how to unlock Bootloader

ပထမဦးဆုံးသိထားရမှာက BootLoader Unlock လုပ်တယ်ဆိုတာ S-OFF လုပ်တာနဲ့အတူတူပါဘဲ
ဟိုးအရင်ထုတ် Wildfire နဲ့ သူ့ရှေ့ကထွက်ခဲ့တဲ့ဖုန်းတွေကိုသာ S-OFF လုပ်တယ်လို့ခေါ်တာပါ
အခုနောက်ပိုင်း HTC တွေကိုတော့ Bootloader Unlock လုပ်တယ်လို့ဘဲခေါ်ပါတယ်.....
နောက်တစ်ချက်က Bootloader Unlock လုပ်လိုက်ရင် Factory Reset ကျသွားပါမယ်...
အဲ့တာကြောင့် Unlock မလုပ်ခင် Contact နဲ့ အရေးကြီး Data တွေကို Backup လုပ်ထားစေချင်ပါတယ်

Unlock မလုပ်ခင် လိုအပ်တာလေးတွေ အရင်ဆွဲထားလိုက်ကြရအောင်


Android.zip   
jdk-7u5-windows-i586.exe   
installer_r20.0.1-windows.exe    

HTC Sync(3.2.20) for all HTC Android Phone 


ဒါလေးတွေကို Download လုပ်ပြီးပြီဆိုရင်
USB debugging ကို Enable လုပ်ပေးပါ။
Settings > Applications > Development > USB debugging
1. htc_sync_setup_3.2.20.exe ကို Install လုပ်ပါ။
2. Android.zip ဖိုင်ကို Desktop ပေါ်ကို Extract လုပ်ပြီး ရလာတဲ့ Android ဖိုလ်ဒါကို C: အောက်သို့ Copy ကူးပေးပါ။

3. jdk-7u5-windows-i586.exe ကို Install လုပ်ပေးပါ။
4. ပြီးလျှင် installer_r20.0.1-windows.exe ကို Installလုပ်ပါ။
Finish ကို click နှိပ်လိုက်ရင် Android SDK Manager ဆိုတဲ့ window ကျလာပါလိမ့်မယ်။
Android SDK platform-tools တစ်ခုထဲကိုဘဲ အမှန်ခြစ်ပါ။
ကျန်တဲ့ ဖိုဒါတွေမှာ အမှန်ခြစ်ထားလျှင် ဖြုတ်ပစ်ပါ။
ဲ ပြီးလျှင် Install 1 package ကို နှိပ်ပါ.... install လုပ်ပြီးလျှင် Android SDK Manager ကိုပိတ်လိုက်ပါ။

HTC Device တွေကို Bootloader Unlock လုပ်ဖို့ စကြရအောင်
( 1 ) မိမိတို့ ရဲ့ Device ကို 70% အနည်းဆုံး Battery ကို
အားဖြည့်ထားပေးပါ။
( 2 ) Personal Data တွေကို Back Up လုပ်ထားပေးပါ။
( 3 ) မိမိတို့ ရဲ့ Email ကို အသုံးပြုပြီး www.htcdev.com မှာ
Register လုပ်ပေးပြီး Login လုပ်ပါ။
( 4 ) Login လုပ်ပြီးပြီဆိုရင် အောက်ကပုံပါအတိုင်း
( 1 ) Unlock Bootloader နှင့် ( 2 ) Get Started အဆင့်တွေကိုဝင်ပေးပါ။











—–Select Your Device—– List မှာ မိမိတို့ ရဲ့ Device Model ပါခဲ့ရင် မိမိတို့ ရဲ့ Device Model ကို ရွေးပေးပြီး
မပါခဲ့ရင်တော့ All Other Supported Models ကိုရွေးပေးပါမယ်။
ပြီးရင် Begin Unlock Bootloader ကိုနှိပ်လိုက်ပါ။
Are you sure you wish to continue? Box မှာ Yes ကိုရွေးပြီး
Legal Terms မှာ အောက်ပါပုံအတိုင်း အမှန်ခြစ်နှစ်ခု ခြစ်ပေးပြီး Procced
to Unlock Instructions ကိုရွေးပါ။

C: အောက်က Android Folder ကိုဖွင့်ပြီး အောက်ပါပုံအတိုင်း လွတ်တဲ့ နေရာတစ်ခုမှာ
Shift Key+Right Click ကိုနှိပ်ပေးပြီး Open command window here ကိုရွေးပါ။














Command Prompt မှာ အောက်ကပုံအတိုင်း မိမိဖုန်း ကွန်ပြူတာနဲ့ချိတ်မချိတ်သိဖို့ adb devices လို့ရိုက်ပြီး Enter ခေါက်ပါ...
ဖုန်းက ကွန်ပြူတာနဲ့ချိတ်ထားတယ်လို့ ပြတယ်ဆိုရင်..... နောက်တစ်ကြောင်းမှာ adb reboot bootloader လို့ရိုက်ပြီး enter ခေါက်ပါ.... အဲ့တာဆိုရင်ဖုန်းက သူ့ဟာသူ fastboot mood ထဲဝင်သွားပါလိမ့်မယ်




































အပေါ်ကပုံအတိုင်း fastboot usb လို့မပေါ်ရင်တော့ HTC Sync ကို ပြန် install လုပ်လိုက်ပါ....


Command Prompt မှာ အောက်က ပုံအတိုင်း fastboot oem get_identirier_token ရိုက်ပေးပြီး Enter ကိုနှိပ်ပါ။
Command Prompt မှာ Fastboot Info ကျလာပြီဆိုရင် အောက်ကပုံအတိုင်း
အပိုအလိုမရှိ Select ပေးပါ။
Select ပေးနည်းက Command Prompt မှာ Right click နှိပ်ပြီး Mark ကို ကလစ်ခေါက်လိုက်ပါ။
Copy ရလာတဲ့ Fastboot Info ကို www.htcdev.com/bootloader မှ နောက်ဆုံးအဆင့်ဖြစ်တဲ့ My Device Identifier Token: နေရာမှာ Paste လုပ်ပေးပြီး Submit ကိုနှိပ်လိုက်ပါ။
Submit အဆင့်ပြီးသွားရင် (Token Submitted Successfully!) Web Page နှင့် အတူ မိမိရဲ့ Gmail ထဲမှာ HTC-Unlockbootloader@htc.com မှ Mail တစ်စောင် ရောက်ရှိနေပါပြီ။
Mail ထဲမှ Unlock_code.bin File ကို Download ဆွဲပြီး C: မှ Android Folder ထဲကို Copy ကူးယူပါ။
C:မှ Android Folder ထဲမှာ အပေါ်မှာလုပ်ခဲ့တဲ့အတိုင်း Shift Key+Right Click ကိုနှိပ်ပေးပြီး Open command window here ကိုရွေးပါ။
ကျလာတဲ့ Command Prompt မှာ အောက်ပါပုံအတိုင်း fastboot flash unlocktoken Unlock_code.bin ရိုက်ထည့်ပေးပြီး Enter နှိပ်ပါ။
Enter နှိပ်ပြီးချိန်မှာ မိမိရဲ့ ဖုန်းမှာ Unlock bootloader request လက်ခံရရှိမှာဖြစ်ပြီး Volume Up နှင့် Yes ကိုရွေးပြီး Power ဖြင့် confirm လုပ်ပေးလိုက်လျှင် Auto Reboot ကျပြီး Bootloader Unlock ပြုလုပ်ခြင်းပြီး မြောက်ပါပြီ။

Sunday, September 16, 2012

XE Currency 3.0.1


ဒီနေ့ အစိမ်းဘယ်ဈေးလဲ ... စလုံး ဘယ်ဈေးလဲလို့ သူများမေးမနေနဲ့တော့ ... XE Currency 3.0.1 ရှိတယ်


ဒီနေ့ ပေါက်ဈေးသိချင်သူများ ... နိုင်ငံခြားငွေကိုင်ပြီး အလုပ်လုပ်နေသူများ အတွက် ပေါက်ဈေးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ ပြောင်းလဲသွားတဲ့ ပေါက်ဈေးကို အချိန်နဲ့တပြေးညီ မသိလိုက်ဘဲ ကိုယ်က နောက်ကျကျန်ခဲ့မယ်ဆိုရင် နစ်နာစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် သင့်ရဲ့ Android Phone ထဲမှာ ဒီ Application လေးကတော့ မဖြစ်မနေ ရှိနေသင့်တယ်လို့ ဆိုရမှာပဲ။
    


တစ်ကမ္ဘာလုံးက exchange rate တွေပါသလို ... မြန်မာကျပ်ငွေလဲလှယ်နှုန်းလည်းပါပါတယ်။
လိုချင်လို့ ဒေါင်းမယ်ဆိုရင်တော့ ဖိုင်ဆိုက်ဒ်က 1.67 MB ရှိပါတယ် ...
အောက်ကပုံလေးကို နှိပ်ပြီး ဒေါင်းလိုက်ပါဗျာ ...

XE Currency Converter For Android အား ရယူရန် (2 MB)

Credit to http://freemyanmarandroidmarket.blogspot.com

thanks to mattanloon90@gmail.com

Yangon and Mandalay Directory


ဘာပဲလိုလို ... Yangon and Mandalay Directory ရှိတယ် ...


ဘာပဲလိုလိုဆိုလို့ ... ရန်ကုန်လမ်းညွှန်ဆိုတာတော့ သိပါရဲ့ ... အရင်လို စာအုပ်အထူကြီးပဲ သွားလှန်ဦး မလို့လား ...

မလိုတော့ပါဘူး ...
www.yangon-directory.com က officially ဖုန်းတွေအတွက် Mobile Version တင်ပေးထားပါတယ်။
Android, Java, Iphone တွေအတွက်ပေါ့ဗျာ ...
                                               


အဲ ... Android Version အတွက် လိုချင်တယ်ဆိုရင်တော့  http://www.yangon-directory.com/Download/Android.rar မှာ သွားဒေါင်းနိုင်သလို Zip ဖြည်ပြီးသား apk ဖိုင်ကို ကျွန်တော်တို့ Xcellize Mobile မှာလည်း ဒေါင်းသွားနိုင်ပါတယ် ...

Yangon and Mandalay Directory အား ရယူရန်  (29 MB)

Credit to http://freemyanmarandroidmarket.blogspot.com

thanks to mattanloon90@gmail.com

Dolphin Browser Mini


အမြန်ဆုံး Browser လို့ပြောရမယ့် Dolphin Browser Mini

Loading မြန်တာရော ... PC မှာလို Tab တွေ ခွဲပြီးသုံးလို့ရတာရော ... မြန်မာဖောင့် အဆင်ပြေပြေ ဖတ်လို့ရတာရောရယ်ကြောင့် ဒီ Browser လေးကို ညွှန်းပေးလိုက်တာပါ ... သုံးလို့ကောင်းတဲ့ Browser လေးဆိုပါတော့ဗျာ ...
                                          

 Bookmark မဟုတ်ဘဲ Speed Dial list ကလည်း အသုံးဝင်ပါတယ်။


Dolphin Browser Mini အား ရယူရန် (942 KB)

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

Credit to http://freemyanmarandroidmarket.blogspot.com

thanks to mattanloon90@gmail.com

Camera 360 latest version


ဒီ camera application လေးကိုအသုံးပြုပြီး HDR,Retro,Sketch,Colourful,Dreamlike,Ghost အစရှိတဲ့ Effects တွေနဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။
Camera360_Ultimate_3.3.6 က ရုပ်သွင်ပြင်ကောင်းမွန်ပြီး PC World ကထုတ်ပြန်တဲ့ TOP 100 technology products ထဲမှာ ပါဝင်ပါတယ်။
ဖုန်းထဲမှာ သုံးချင်တယ်ဆိုရင် လိုအပ်ချက်တချို့ကတော့-
- Anroid version 2.2 နှင့် အထက်ရှိဖို့လိုပါတယ်။
-ဖိုင်ဆိုဒ်ကတော့-6.84 MBလိုအပ်ပါတယ်။
အောက်ပါလင့်မှာ ရယူနိုင်ပါတယ်။


Camera360_Ultimate_3.3.6 ကိုရယူရန်


Computer ပေါ်မှာ apk ဖိုင် logo ဖော်မယ်


Computer ပေါ်မှာ apk ဖိုင် logo ဖော်မယ်


အခုပြောမှာ ကတော့ Computer ပေါ်မှာ apk ဖိုင်ရဲ့ logo ပုံလေးတွေ မြင်ရအောင် လုပ်နည်းဖြစ်ပါတယ်။
အခု version မှာတော့ Window 7 32 bit နှင့် 64 bit မှာပဲ ကောင်းကောင်း အလုပ်လုပ်ပါသေးတယ်။
မိမိ ကွန်ပျူတာမှ .netframework 4 တင်ထားရပါမည်။
.netframework 4 ကို computer မှာ မတင်ရသေးရင် တင်လိုက်ပါ။ တင်ပြီးရင်တော့ တင်စရာမလိုတော့ပါဘူး။
apkshelltxt_v2_1.zip ကို ဖြေလိုက်ပါ။
zip ဖြေ၍ ရလာသော folder ထဲမှ install.bat ကို run လိုက်ပါ။
run လို့ ပြီးရင်တော့ Computer ကို restart ချလိုက်ပါ။
အဲဒီအချိန် မှာတော့အောက်မှပြထားသည့်အတိုင်း မိမိရဲ့ computer ထဲမှာ apk ဖိုင်တွေကို ဖုန်းထဲက လို logo လေးတွေပေါ်ပြီး စိတ်ကြိုက် ရွေးချယ် လို့ရပါပြီ။
အားလုံးအဆင်ပြေကြပါစေ...........



Credit to http://freemyanmarandroidmarket.blogspot.com

ှThanks to mattanloon90@gmail.com

Whistle Phone Locater


အခန်းထဲမှာ ဖုန်းကိုထားချင်တဲ့နေရာထားပြီးရင်လိုက်ရှာရတဲ့ ဒုက္ခတွေကင်းသွားအောင်
Whistle phone locater လေးပါ.... လေချွန်လိုက်တာနဲ့ ဖုန်းက Ringtone လေးကိုကြားရမှာဖြစ်ပါတယ်..
လေ လေးတစ်ချက်ချွန်လိုက်ပါ သင့်ဖုန်းဘယ်မှာရှိလဲဆိုတာ သိရပါလိမ့်မယ် :D



Whistle Phone Locater အားရရယူရန်